ပန်းတောင်းမြို့နယ်တွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးရေးစီမံကိန်း၏ ကျေးရွာသစ်လှုပ်ရှားမှု စံပြ ကျေးရွာအတွက် ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ပွဲပြုလုပ်

ပန်းတောင်း စက်တင်ဘာ ၂၉


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးရေး စီမံကိန်း၏ ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားကို စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသင်းက စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးရေးစီမံကိန်း၏ ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်လင်း ပြောကြား၍ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတတ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးသင်းတို့က ထောက်ပံ့ငွေ(၂၆၃၄၀၀၀၀)ကျပ်ကို တောင်ဘို့ကြီးအုပ်စု မြေဝါကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဌေးနှင့် တာဝန်ခံပြည်သူများမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)