ပွင့်ဖြူ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာနေ အလှူရှင် ဦးကျော်ဝင်း - ဒေါ်စိုးစိုးဝင်း (မိဘဂုဏ်ရည်ဆန်စက်) မိသားစုက နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့်ကာလ ပွင့်ဖြူမြို့နယ် အင်းဒေါင်း ကျေးရွာ ၊ မုန်းမြင့်ကျေးရွာရှိ ဝင်ငွေနည်း လယ်ယာလုပ်သား ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေ စေရန် ရည်ရွယ်၍ စက်တင်ဘာ ၂၈ ရက် ၊ ညနေ ၄ နာရီက အဆိုပါ ကျေးရွာများသို့ သွားရောက်ပြီး ဆန်များပေးဝေလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ကျေးရွာနေပြည်သူများအား ဆန်များ ပေးဝေလှူဒါန်းရာတွင် ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာနှင့် မုန်းမြင့်ကျေးရွာရှိ ဝင်ငွေနည်း လယ်ယာလုပ်သား အိမ်ထောင်စု ၁၄၀ အား အီမ်ထောင်စု တစ်စုလျှင် ဆန် (၂)ပြည်နှုန်းစီ ကိုဗစ် - ၁၉ ကာလ စားဝတ်နေရေး အဆင်ပြေစေရန် အလှူရှင် ဦးကျော်ဝင်း - ဒေါ်စိုးစိုးဝင်း (မိဘဂုဏ်ရည်ဆန်စက်) မိသားစုက စနစ်တကျ ပေးဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အလားတူ ဝင်ငွေနည်း လယ်ယာလုပ်သား အိမ်ထောင်စုများ ကိုဗစ် - ၁၉ ကာလ စားဝတ်နေရေး အခက်အခဲ မဖြစ်စေရေးအတွက် ထောက်ပံ့လှူဒါန်းပေးခြင်းကို စက်တင်ဘာ ၂၇ ရက်နေ့ကလည်း အင်းဒေါင်းကျေးရွာနေ အလှူရှင် ဒေါ်စီစီမာ မိသားတစ်စုက ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာနှင့် မုန်းမြင့်ကျေးရွာရှိ ဝင်ငွေနည်း လယ်ယာလာပ်သား အိမ်ထောင်စု (၈၀) အား အိမ်ထောင်စု တစ်စုလျှင် ဆန် (၁)ပြည် ၊ ဆီ ၅၀ ကျပ်သားနှင့် လက်ဖက် ပဲကြော် တစ်ထုပ်စီ တို့ကို အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )