ကရသူရိ စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာအုပ်စု၊ ကြိမ်မဲတောင် ကျေးရွာတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်နံရံမှမြေသား ပြိုကျမှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ထို့သို့ မြေသားပြိုကျမှုကြောင့် လူသွားလမ်းပိတ်ဆို့ခဲကာ ကျေးရွာကမ်းသာယာလမ်းနေ ဦးလှဖေ၏ အိမ်ရှေ့တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း အဆိုပါ မြေသားပိတ်ဆို့မှုကို တာဝန်ရှိသူများနှင့် ရွာသူ/ရွာသားများက ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည် ဦးလှဖေ၏ နေအိမ် ဆုံးရှုံးမှုတန်ဖိုးမှာ (၂) သိန်းခန့်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)