နမ့်ဆန်၌ နယ်ဝေးမှ ဝင်ရောက်လာသည့်သူများ(၈၅)ဦးအား အသွားအလာကန့်သတ် စောင့်ကြည့်ရေး စခန်းတွင် ထားရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်

နမ့်ဆန် စက်တင်ဘာ ၂၉

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရန် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက ဦးဆောင်၍ မြို့အဝင်၊ အထွက်ဂိတ်များထားရှိ စစ်ဆေးပြီး ယခုတွင် နယ်ဝေးမှ ဝင်ရောက်လာသည့်သူများအား အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ထားရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် နမ့်ဆန်မြို့နယ်အတွင်း နယ်ဝေးမှ ပြန်လာသူများ ကျား(၃၀)ဦး၊ (၅၅)ဦးတို့ကို မင်္ဂလာရပ်ကွက်ရှိ တိမ်လွှာတည်းခိုခန်းတွင် လည်းကောင်း၊ မန်မိုင်ရပ်ကွက်ရှိ အမက()ကျောင်းနှင့် ကျေးရွာအသီးသီးရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းပေါင်း (၂၀)ခုတို့တွင် ထားရှိ၍ စောင့်ကြပ်ကြည့်ရှုထားကြောင်း သိရသည်။

အဆိုပါ စောင့်ကြပ်ကြည့်ရှုထားသူများအား ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များတို့က ကျန်းမာရေးစစ်ဆေးခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)