မင်္ဂလာဒုံမြို့နယ် Quarantine Centre များမှ ထွက်ရှိသော အမှိုက်များကို စနစ်တကျ လာရောက် သိမ်းဆည်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများမရှိစေ ရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများနှင့် ဆက်စပ်သူများ၊ စောင့်ကြည့်လူနာများကို ထားရှိနိုင်ရန် Quarantine Centre များကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါ Quarantine Centre များမှ ထွက်ရှိသော အမှိုက်များကို မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက အမှိုက်ကားဖြင့် လာရောက်သိမ်းဆည်း ခဲ့ကြောင်း သိရသည်။

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား(၃၀)ဦး ခိုလမ်မြို့မှ ဖြတ်သန်း

နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့သို့ ယနေ့ နံနက် (၈ ) နာရီ (၃၀) မိနစ်အချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသော မြို့နယ် (၃) မြို့နယ်တွင် ဝင်ထွက်သွားလာခြင်းများအား စိစစ်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီးအတွင်း မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်များရှိ ပြည်သူများအား မိမိနေအိမ်တွင်နေထိုင်ရေး Stay at Home အစီအစဉ်သတ်မှတ်ထားရာ မလိုအပ်ဘဲ ဝင်/ထွက်သွားလာခြင်းများမပြုရန် စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာမြို့နယ်များတွင် စိစစ်ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ဘောလခဲမြို့မဈေး၌ ရောင်းချနေသော သားငါးများ၊ကုန်ပစ္စည်းများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဘောလခဲမြို့မဈေး၌ ရောင်းချနေသော သားငါးများ၊ ကုန်ပစ္စည်း များ ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။

တနင်္သာရီ၌ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ(၉၈)ဦးအား ခန့်အပ်၍သင်တန်းပို့ချပေးမည်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မဲရုံအသီးသီး၌ လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ(၉၈)ဦးကိုခန့် အပ်၍လုံခြုရေး တာဝန်အပြည့်အဝထမ်းဆောင်စေနိုင်ရန် အထက-တနင်္သာရီကျောင်းတွင် အောက်တိုဘာ(၁)ရက်မှ (၂၈)ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်၍ ကြိုတင်ပြင်မှုများ ဆောင်ရွက်လျက်ရှိကြောင်းမြို့မရဲစခန်းမှ သိရှိရသည်။

မင်္ဂလာဒုံမြို့နယ် ကန့်သတ်စောင့်ကြည့်စခန်း (၁)နှင့် (၂)တို့တွင်ထားရှိသူ (၁၂၁)ဦး၏ Swab နမူနာယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပေးပို့ကာ စစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းနှင့် အထက (၁)ကျောင်း  Community base Facility  Quarantine Centre များ၌ Quarantine ထားရှိသူ (၁၂၁)ဦး၏ Swab နမူနာအား ​ ​ကျန်းမာရေးဝန်ထမ်းများက ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့  စစ်ဆေးရန် ပို့ဆောင်  ထားကြောင်းသိရသည်။

အောင်လံမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ပြည်လမ်းမဘေးရှိ ဆက်သွယ်ရေးဖုန်းတိုင်မှ လျှပ်စစ်မီးကြိုးနှင့် ဖုန်းကြိုးထိမိကာ ဝါယာရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွား

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့ တရော်ကုန်းရပ်ကွက် ပြည်လမ်း ကမ္ဘောဇ ဘဏ်ရှေ့တွင် ယမန်နေ့ မွန်းလွဲပိုင်း (၂)နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ဖုန်းတိုင်မှ လျှပ်စစ် မီးကြိုးနှင့် ဖုန်းကြိုးများထိမိပြီး ဝါယာရှော့ဖြစ်၍မီးလောင်မှု ဖြစ်ပွား ကြောင်း မြို့နယ် မီးသတ်ဦးစီး ဌာနမှ သိရသည်။

တန့်ယန်းမြို့နယ်တွင် နေရပ်ပြန်လာသူများအား အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ စနစ်တကျ နေရာချထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိရာ နေရပ်ပြန်လာသူများအား အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း နှစ်ခု၌ စနစ်တကျ နေရာချထားပေးလျက်ရှိကြောင်း သိရသည်။

အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲဝင်ခွင့် အဆိုပြုလွှာများ စတင်တင်သွင်းနိုင်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပမည့် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ဖြေဆိုကြမည့် ဆုထူးပန်အဘိဓမ္မာ သင်တန်းသားများအ‌နေဖြင့် စာမေးပွဲဝင်ခွင့်အဆိုပြုလွှာများကို ယနေ့နံနက်ပိုင်းမှစတင်၍ တင်သွင်းနိုင်ပြီဖြစ်ကြောင်း ဆုထူးပန်အဘိဓမ္မာ ပြန့်ပွားရေအသင်း(မန္တလေး)ထံမှ သိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား စတုတ္ထသုံးလပတ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အသက်၈၅နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား စတုတ္ထသုံးလပတ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်၁၀နာရီက ပိန်းဆန်းရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများ အားတာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to