စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဆောင်ရွက် လျက်ရှိသည့် ကျေးရွာ(၆)ရွာတို့အတွက် စီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် လုပ်ကွက်ငယ် တောင်သူ များ၊ အသေးစား စီးပွားရေးလုပ်ကိုင်သူများအား အရင်းအနှီးရရှိစေရန်အတွက် မြို့နယ် အတွင်းရှိ ကျေးရွာ(၆) ရွာတွင်အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း(VRFP) လုပ်ငန်းများ အတွက် စီမံကိန်းရန်ပုံငွေများ ကို သြဂုတ်လ ဒုတိယပတ်မှစတင်၍ထုတ်ချေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရ သည်။

မတူပီမြို့၌ မြို့ဝင်/မြို့ထွက်ဂိတ်များတွင် စစ်ဆေးရေးလုပ်ငန်းများ အထူးကြပ်မတ်ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်များတွင် နေ့စဉ်ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွာအဝင်တွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ စစ်ဆေးရေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အင်္ဂပူ၌ ရှမ်းတောကျေးရွာမှပြည်သူများ ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်း ရန်ပုံငွေဖြင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် လုပ်ကိုင်ခွင့်ရရှိ

အင်္ဂပူမြို့နယ်၊ ဘုရားကွင်းကျေးရွာအုပ်စု၊ ရှမ်းတောကျေးရွာမှပြည်သူများ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ရန်ပုံငွေဖြင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲမရှိ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် စေတနာရှင်များ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေကာ အသိပညာပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်း နောင်ဖါလမ်းခွဲ လမ်းဆုံ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျန်းမာရေးဝန်ထမ်းများ ခေတ္တတည်းခိုနေထိုင်နိုင်ရန် COVID-19 Temporary Camp ဖွင့်လှစ်ထား

ကျန်းမာရေးဝန်ထမ်းများ ခေတ္တတည်းခိုနေထိုင်နိုင်ရန် ဆေးတက္ကသိုလ် (မန္တလေး) တွင် COVID -19 Temporary Camp ဖွင့်လှစ်ပေးထားသည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေး အထူးရဲအင်အား(၂၀)ဦး တာဝန်ချထားမည်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲရုံအသီးသီးတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲ(၂၀)ဦးကို ခန့်အပ်တာဝန် ပေးမည် ဖြစ်ကြောင်း မြို့ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ကျီခါးမြို့၌ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ပြည်သူများ သိရှိနိုင်ရေး လှည့်လည် အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျီခါးမြို့ မီးသတ်ဦးစီးမှူး ဦးကမ်းဆွင်းမုန် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့၀င်များမှ လှည့်လည်အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်၊ ရွာကြီးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ်အရ အသက် (၈၀)နှင့် (၈၅)နှစ်အတွင်း ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအ စီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ယမန်နေ့က ရွာကြီးကျေးရွာအုပ်စုတွင် ထောက်ပံ့ငွေများအား အိမ်တိုင် ရာအရောက် သွားရောက်ပေးအပ်ခဲ့သည်။

နောင်တရားမြို့၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော သီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ စိုက်ပျိုးရေး ဦးစီးဌာန၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု စီမံကြီးကြပ်ရေးအဖွဲ့မှ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော သီးနှံများအတွက် ထောက်ပံငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းတွင် ထောက်ပံ့ခဲ့သည်။
Subscribe to