မိုင်းပျဉ်းမြို့နယ်တွင် အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား စတုတ္ထသုံးလပတ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

မိုင်းပျဉ်း   စက်တင်ဘာ   ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)   ကျိုင်းတုံခရိုင်၊      မိုင်းပျဉ်းမြို့နယ်တွင်     အသက်၈၅နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား     စတုတ္ထသုံးလပတ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်၁၀နာရီက ပိန်းဆန်းရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ   ဒေါ်လူစီ(လူမှုဝန်ထမ်း-) ဒေါ်ခင်မို့မို့ထွန်း (အငယ်တန်းစာရေး)နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က   ပိန်းဆန်းရပ်ကွက်ရှိ လူမှုရေးပင်စင်ရရှိသော   သက်ကြီးဘိုးဘွား(၁၀)ဦးတို့အား    တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်()ရပ်ကွက်၊ တုံတာမြို့ပေါ်ရပ်ကွက်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၅)အုပ်စုတို့မှ သက်ကြီးဘိုးဘွား(၁၃၄)ဦးတို့အား တစ်ဦးလျှင် (၃၀၀၀၀)ကျပ် နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄၀၂၀၀၀၀) ကျပ် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ်၊ ပြန်/ဆက်