နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား(၃၀)ဦး ခိုလမ်မြို့မှ ဖြတ်သန်း

ခိုလမ်  စက်တင်ဘာ ၃၀

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့သို့ ယနေ့ နံနက် (၈ ) နာရီ (၃၀) မိနစ်အချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်မှ တာဝန်ရှိသူများက မော်တော်ယာဉ်(၂)စီးဖြင့် ရောက်ရှိဖြတ်သန်းလာသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကျား(၁၄)ဦး၊ မ(၁၆)ဦး စုစုပေါင်း(၃၀) ဦးတို့အား မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ပြီး မုန့်နှင့် သောက်ရေသန့်ဘူးများ ဝေငှပေးခဲ့သည်။

နေရပ်ပြန်ပြည်သူများထဲမှ ကျိုင်းတောင်းမြို့သို့ ပြန်မည့်ခရီးသည်(၁)ဦး သက်ဆိုင်ရာမြို့နှင့် ချိတ်ဆက်ပေးပြီး အခြားနေရပ်ပြန်ခရီးသည်(၂၉)ဦးမှာ တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ခင်လေးဝင်း(ပြန်/ဆက်)