အောင်လံ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့ တရော်ကုန်းရပ်ကွက် ပြည်လမ်း ကမ္ဘောဇဘဏ်ရှေ့တွင် ယမန်နေ့ မွန်းလွဲပိုင်း (၂)နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ဖုန်းတိုင်မှ လျှပ်စစ်မီးကြိုးနှင့် ဖုန်းကြိုးများ ထိမိပြီး ဝါယာရှော့ဖြစ်၍မီးလောင်မှု ဖြစ်ပွားကြောင်း မြို့နယ်မီးသတ်ဦးစီး ဌာနမှ သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်းမှ တာဝန်ရှိသူများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဇော် ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့များက CNJ မီးသတ်ရေသယ်ယာဉ်ဖြင့်မီးငြိမ်းသတ်ခဲ့ရာ အချိန်မီငြှိမ်းသတ် နိုင်သဖြင့် အိမ်၊ လူနှင့်တိရစ္ဆာန် များထိခိုက်မရှိကြောင်း၊ လျှပ်စစ်မီးကြိုးများနှင့် ဖုန်းကြိုးများပြန်လည် တပ်ဆင် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မျိုးသိန်း(ပြန်/ဆက်)