မင်္ဂလာဒုံမြို့နယ် ကန့်သတ်စောင့်ကြည့်စခန်း (၁)နှင့် (၂)တို့တွင်ထားရှိသူ (၁၂၁)ဦး၏ Swab နမူနာယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပေးပို့ကာ စစ်ဆေးဆောင်ရွက်

မင်္ဂလာဒုံ  စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းနှင့် အထက ()ကျောင်း  Community base Facility  Quarantine Centre များ၌ Quarantine ထားရှိသူ (၁၂၁)ဦး၏ Swab နမူနာအား ​ ​ကျန်းမာရေးဝန်ထမ်းများက ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့  စစ်ဆေးရန် ပို့ဆောင်  ထားကြောင်းသိရသည်။

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့်  အမျိုးသမီး (၆၆)ဦး၊ အမျိုးသား(၅၅) ဦး စုစုပေါင်း (၁၂၁)ဦးတို့၏ အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ် နမူနာများကို ယနေ့ နံနက် ( ) နာရီက ကျန်းမာရေးဝန်ထမ်းများကရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန၌ စစ်ဆေး ရန် ပို့ ဆောင်ခြင်းဖြစ်သည်။

မင်္ဂလာဒုံမြို့နယ် Community based Facility  Quarantine Centreများ၌ Quarantineတွင် Swab ယူခြင်းအား ကျန်းမာရေးဝန်ထမ်းများ၊ မင်္ဂလာဒုံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ရှင်သန်ရေးပရဟိအဖွဲ့၊ ၂/ကရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မေတ္တာလွမ်းခြုံလူမှူကူညီရေးအဖွဲ့များမှ စေတနာ့ဝန်ထမ်းများပူးပေါင်း ကူညီဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ဇင်ငြိမ်း(ပြန်ဆက်)