တနင်္သာရီ၌ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ(၉၈)ဦးအား ခန့်အပ်၍သင်တန်းပို့ချပေးမည်

တနင်္သာရီ  စက်တင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း၂၀၂၀ပြည့်နှစ်၊  နိုဝင်ဘာလ(၈) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မဲရုံအသီးသီး၌ လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ(၉၈)ဦးကိုခန့် အပ်၍လုံခြုရေး တာဝန်အပြည့်အဝထမ်းဆောင်စေနိုင်ရန် အထက-တနင်္သာရီကျောင်းတွင် အောက်တိုဘာ(၁)ရက်မှ (၂၈)ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်၍ ကြိုတင်ပြင်မှုများ ဆောင်ရွက်လျက်ရှိကြောင်းမြို့မရဲစခန်းမှ သိရှိရသည်။

တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၂၁)အုပ်စု၊ စုစုပေါင်း(၂၆)စုတွင် မဲရုံ(၉၈)ရုံရှိသဖြင့် အထူးရဲ(၉၈)ဦးနှင့် ကျန်းမာရေးနှင့်အကြောင်း အမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှုဖြစ်ပွါးပါက အဆင်သင့်ဖြစ်နေစေရန် အရန်(၅)ဦး၊ စုစုပေါင်း(၁၀၃)ဦးတို့အား မဲရုံအသီးသီးတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နိုင်ရန်အတွက် အထက-တနင်္သာရီကျောင်းဆောင် များအတွင်းစခန်းသွင်းလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်ထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)