ဘောလခဲ စက်တင်ဘာ ၃၀
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဘောလခဲမြို့မဈေး၌ ရောင်းချနေသော သားငါးများ၊ ကုန်ပစ္စည်း များ ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။
ကြည့်ရှုစစ်ဆေးရာတွင် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးသန်းထိုက်ဦး၊ မြို့နယ် ကျန်းမာရေးမှူး ဦးစိုးပိုင်၊လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ၊ သဘာဝဘေးဆိုင်ရာ စီမံ ခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတို့ ပူးပေါင်းပြီး မြို့မဈေးတွင် ရောင်းချ နေသော ဈေးသည်များ mask တပ်ဆင်မှုရှိ/မရှိ ရောင်းချနေသော သားငါးများ၊ ကုန်ပစ္စည်းများ ကို ကိုဗစ်-၁၉ ကာလအတွင်း ဈေးနှုန်းတင်ရောင်းချမှုမရှိစေရေး၊ သားငါးမှတဆင့် ရောဂါ ကူးစက်နိုင်သည့်အတွက် နယ်ကျော်သားငါးများ မရောင်းချမိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး ဘောလခဲမြို့ အဝင်/အထွက် စုပေါင်းဂိတ်တွင် သွားရောက်ကြည့်ရှုခဲ့ရာ လုပ်ငန်း များ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ကျော်ခရီးသွားလာသူများကို မှတ်ပုံတင်ပါ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖိုးရယ်