မတ္တရာမြို့နယ်၊ သရဖူ(သရဲဆက်) လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသား များအား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ သရဲဆက်ကျေးရွာအုပ်စု၊ သရဖူ (သရဲဆက်) လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ အသင်းပိုင်ငွေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း အသင်းသားများ၏ စားဝတ်နေရေး အထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈နာရီက အဆိုပါ အသင်းရုံး၌ ပြုလုပ်ခဲ့သည်။ ဆက်လက်၍ အသင်းသားတစ်ဦးလျှင် (၁၁၁၀၀၀)ကျပ်နှုန်းဖြင့် အသင်းသား (၁၂၇)ဦးအား စုစုပေါင်း သိန်း(၁၄၀)ကျော် ထုတ်ချေးပေးခဲ့ပြီး၊ အသင်းသားတစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ (၅၀)သား နှုန်းဖြင့် အသင်းရှိ အသင်းသား (၁၉၂)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကာ စုစုပေါင်း ဆန်(၃၂)ပိုင်း၊ ဆီ (၆၄)ပိဿာ တို့ကို အသင်းသားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် အသက်(၈၀)မှ (၈၅)နှစ်ကြား အဘိုးအဘွားများအား ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ အသက်(၈၀)မှ (၈၅)နှစ်ကြား အဘိုးအဘွားများအား မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများကို အောက်တိုဘာ(၁)ရက်နေ့မှစ၍ ယနေ့ထိ ဘိုးဘွားများ၏ လက်ဝယ်အရောက် ကူညီထောက်ပံ့ ပေးလျက်ရှိသည်။

ကန်ကြီးထောင့်မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်မှု ရှိ/မရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် မြို့မဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်မှုရှိ/မရှိကို တာဝန်ရှိသူများမှ ယနေ့နံနက် ၉ နာရီက လှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ‌ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်း များအား ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့ နံနက် ၈ နာရီမှ စတင်၍ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် စတင်ကြေညာ ထားရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ထုတ်ပြန်ကြေညာ ခဲ့ပြီး ယနေ့နံနက်ပိုင်းက တာဝန်ရှိသူတို့က မဲစာရင်းကြေညာထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒေးဒရဲမြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အလှူငွေများ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက စုပေါင်းလှူဒါန်းသည့် အလှူငွေများကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီသို့ ပေးအပ်လှူဒါန်း ခဲ့‌ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်မည့်အထူးရဲသင်တန်းဖွင့်လှစ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို လမ်းမတော် မြို့နယ် မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံး၌ ယမန်နေ့က ကျင်းပခဲ့သည်။

ရန်ကင်းမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက်များကို မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက်များကို သိရှိလိုက်နာကြစေရန် ယ​မန်နေ့ညက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက် များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော်ပေးခဲ့ကြောင်း သိရှိရသည်။

ညောင်တုန်းမြို့နယ်၌ အထူးရဲသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၇ နာရီခွဲက အမှတ်(၃)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်တွင် Facility Quarantine ဝင်ရောက်နေသူ (၁၆)ဦးအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဓာတ်ခွဲနမူနာများရယူ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၊ နည်းပညာတက္ကသိုလ်တွင် Facility Quarantine ဝင်ရောက် နေသူ(၁၆)ဦးအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဓာတ်ခွဲနမူနာများရယူခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျောက်ဆည် နည်းပညာတက္ကသိုယ် အနော်ရထာအဆောင်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု-ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်မင်းမင်းစိန်နှင့် တာဝန်ရှိသူ များက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Subscribe to