ရွေးကောက်ပွဲအထောက်အကူပြု အထူးရဲသင်တန်း သန်လျင်၌ဖွင့်လှစ်
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ သန်လျင် အ.ထ.က(၁) ရတနာရှင်းသန့်ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။