လျှပ်စစ်အန္တရာယ်‌ ကင်းရှင်းစေရန် အန္တရာယ်ရှိ (အရေးပေါ်) ဓာတ်တိုင်နှစ်တိုင်အား အသစ်လဲလှယ်ခြင်းဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မိုးရာသီကာလအတွင်း အများပြည်သူများ ဓာတ်အားပြတ်တောက်မှု လျော့နည်းရေး၊ ဗို့အားပြည့်ဝစွာရရှိရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့ အတွက် ယနေ့ နံနက် (၈)နာရီက အမှတ်(၁၃) ရပ်ကွက် ဆည်တော်(၂)လမ်း၊ ဆည်တော်(၃)လမ်းတို့၌ အန္တရာယ်ရှိ ကျိုးပဲ့နေသော (အရေးပေါ်) ဓာတ်တိုင်နှစ်တိုင်အား လာရောက်လဲလှယ်ပေးခဲ့ကြောင်း သိရ သည်။

ဗန်းမော်မြို့တွင် မဲဆန္ဒရှင်ပြည်သူများထံ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ကော်မတီဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများတို့က ပူးပေါင်း၍ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ကို ယနေ့ နံနက် ၈ နာရီတွင် ဗန်းမော်မြို့ သီရိရတနာဈေး၊ အမှတ်(၂)ဈေးနှင့် ကုက္ကိုလ်တော ဈေးအတွင်းသို့ မဲဆန္ဒရှင်များထံ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အလုံမြို့နယ်၌ ပုံမှန်ကာကွယ်​ဆေးထိုး၊ ​ဆေးတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်း စမှစ၍ အသက်(၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းကို သြဂုတ်လ(၁)ရက်​​နေ့မှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှူးရုံးတွင် ​​ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် လစ်လပ်နေမှုများအား ဖြည့်စွက်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို ဇူလိုင်(၂၅)ရက်နေ့မှ စတင်၍ကြေညာ ကပ်ထားပေးခဲ့ရာ အဆိုပါ အမည်စာရင်း များတွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်အမှတ် လစ်လပ်နေမှုများရှိသဖြင့် ဖြည့်စွက်နိုင်ရေး လုပ်ငန်းများအား ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးမှ အမှတ်(၇)ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကွင်းဆင်းဆောင်ရွက်သည်။

မွန်ပြည်နယ် ရေးမြို့ ဇီးဖြူသောင်ကျေးရွာတွင် လှိုင်းဒဏ်စိုးရိမ်မှုကြောင့် လူနေအိမ်များ ယာယီပြောင်းရွေ့

ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် မုန်တိုင်းအန္တရာယ်သတိပေးထားခြင်းနှင့် လှိုင်းဒဏ် စိုးရိမ်မှုကြောင့် ပင်လယ်ကမ်းနဖူးရှိ လူနေအိမ်(၅၀)ကျော်ကို ရတနာအောင်မြေကျောင်းတိုက် အတွင်းရှိ ဓမ္မာရုံနှင့် ၎င်းတို့၏ နီးစပ်ရာအိမ်များသို့ ယမန်နေ့နေ့လယ်က ယာယီပြောင်းရွေ့ ပေးထားကြောင်း ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအောင်ဆန်းဦးထံမှ သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကွန်ကရစ်လမ်း အဆင့်​မြှင့်တင်ခင်းခြင်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူ အဆင်‌ပြေချောမွေ့စေရန် ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ခင်းခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ စည်ပင်သာယာဘတ်ဂျက်ဖြင့် သုံးခွရပ်ကွက် ရွာလယ်လမ်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်သော မြေသားရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းများကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဆုံမကျီးပင်အုပ်စု၊ကြက်သောက်တွင်းကျေးရွာတွင် မြေသား ရေကန် ပြုပြင် တူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းသူရ က ယမန်နေ့ ညနေ(၃)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ “နတ်မောက်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းအရ ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာတွင်အမှန်တကယ်လိုအပ်ပြီးပြည်သူလူထု များကို ကိုယ်တိုင် ပါဝင် လုပ်ဆောင်ကာ ချက်ချင်းလုပ်အားခပေးချေမှု စနစ်ဖြစ်သည်။

ချီဖွေမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ် ထောင်စုလျှင် ငွေကျပ်နှစ်သောင်းတိတိကို တတိယအကြိမ် ထောက်ပံ့ခဲ့ရာ အဆိုပါ ထောက်ပံ့ငွေများကို ချီဖွေမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဌ ဦးညွှန့်ဆွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် (၁၁)နာရီ အချိန်တွင် ချီဖွေမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၏ နေအိမ်များထံ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့နယ်၊ စမ်းအိုင့်နှင့် ပိဿလိမ်းကျေးရွာများရှိ ရေဘေးရှောင်အိမ်ထောင်စုများအား ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရေဘေးရှောင် အိမ်ထောင်စု(၄၁)စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက စမ်းအိုင့်ကျေးရွာဓမ္မာရုံနှင့် ပိဿလိမ်း ကျေးရွာ စာသင်ကျောင်းတို့တွင်သွားရောက် ပေးအပ်ခဲ့သည်။
Subscribe to