ကန်ကြီးထောင့် အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် မြို့မဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်မှုရှိ/မရှိကို တာဝန်ရှိသူများမှ ယနေ့နံနက် ၉ နာရီက လှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်စုံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဦးစီးအရာရှိ ဦးသန်းစိုးလွင်နှင့် မြို့နယ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့မဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ထားရှိမှု ရှိ/မရှိ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ ရောင်းချမှုရှိ/မရှိတို့ကို လှည့်လည်စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များကို အလေးအထား လိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများနှင့် ပျံကျဈေးများရှိ ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်မှုရှိစေရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာမှုရှိစေရေး တို့အတွက် စစ်ဆေးကြပ်မတ်ခြင်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး စည်းကမ်း မလိုက်နာ သူများကို အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နန်းထိုက်(ပြန်/ဆက်)