ဗိုလ်တထောင်မြို့နယ်တွင် အထူးရဲသင်တန်း ဖွင့်လှစ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ အထူးရဲသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉:၀၀)နာရီ အချိန်က အခြေခံပညာမူလတန်းကျောင်း အမှတ်(၂)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းနောင်မြို့တွင် မဲဆန္ဒရှင်စာရင်းများနောက်ဆုံးအကြိမ် ထုတ်ပြန် ကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ၊ ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင် စာရင်းများကို မြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းမှစတင်၍ အောက်တိုဘာ(၁၄)ရက်နေ့ထိ ကပ်ထားကြေညာထားမည် ဖြစ်ကြောင်း သိရှိရသည်။

လသာမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ဈေးဆိုင်များတွင် မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ ရောင်းချခြင်းရှိ/မရှိကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ အသိပေးကပ်ထားခြင်းများကို လိုက်လံကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင် အမည်စာရင်းများကို သက်ဆိုင်ရာနေရာများ၌ ကြေညာထားပြီးဖြစ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ပေါ်ရပ်ကွက်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ အသိပေးကပ်ထားခြင်းများကို တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီခန့်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် Quarantine Center များအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြက်ဖျာ၊စောင်၊ခြင်ထောင် အစရှိသည့် စုစုပေါင်းငွေကျပ် (၉၅၆,၁၀၀) တန်ဖိုးရှိပစ္စည်းများ လာရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် Quarantine Center များအတွက် ယနေ့နံနက် ၁၁း၃၀ နာရီက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြက်ဖျာ၊စောင်၊ခြင်ထောင် အစရှိသည့် စုစုပေါင်းငွေကျပ် (၉၅၆,၁၀၀)တန်ဖိုးရှိ ပစ္စည်းများလာရောက်လှူဒါန်းခဲ့သည်။

ဟိုပန်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ ၂၀၂၀ပြည့်နယ် နိုဝင်ဘာလ(၈) ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုအရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ လုံခြုံရေး တာဝန်များထမ်းဆောင်ကြမည့် အထူးရဲ(၄၃)ယောက်ကို အောက်တိုဘာလ(၁)ရက်နေ့မှ (၂၈) ရက် နေ့အထိ ဟိုပန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ သင်တန်းပို့ချလျက်ရှိသည်။

တောင်ငူ၌ အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်များ ပြသ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တောင်ငူမြို့နယ်အတွင်း မဲဆန္ဒရှင် ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး မြေစိုက်နံရံကပ် ပြဘုတ်နှင့် ခရိုင်ပြည်သူ့ စာကြည့်တိုက် အဝင်ပေါက်တွင် အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ပြသထားလျက် ရှိကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ၊နိုဝင်ဘာလ ၈ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများအား နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေငြာပေးလျက်ရှိကြောင်းသိရသည်။

ကဝမြို့နယ်၌ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ (၁၆၉) ဦးအား ခန့်အပ်၍ သင်တန်းပို့ချ

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ကဝမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုင်ဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့်  ပါတီစုံ ဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ
Subscribe to