မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၊ ဝန်တွင်းကျေးရွာတွင် CERP Plan အရ စပါးမျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုး
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ဝန်တွင်းကျေးရွာတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ၂၀၂၀ မိုးရာသီ CERP Plan အရ အကျိုးဆောင်တောင်သူတောင်သူဦးသိန်းအောင်၏လယ်မြေ စံပြစိုက်ကွက်တွင် မှော်ဘီ(၂) စပါးမျိုးစေ့ထုတ် စိုက်ခင်းအား စိုက်ပျိုးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးဝင်းဦးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုး နည်းပညာများ ကူညီပေးခဲ့သည်။