ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာ(၁၀)ရွာအားသစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျောက်‌မြောင်းမြို့ရှိ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှိအစည်း အဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က နိုင်ငံသားစိစစ် ရေးကတ်ပြား ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ဖြူစင်ပဒုမ္မာလှူဒါန်းသူများ အဖွဲ့နှင့် "ဂျွန်းဂျင်း" ကိုရီးယားဘာသာစကား သင်တန်းသားများ စုပေါင်း၍ ယမန်နေ့က မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြသည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အ-ထ-က(၂)ကျောင်းတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲလုံခြုံရေး တာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်း ဖွင့်လှစ် ပို့ချခြင်းကို ယမန်နေ့က ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် Facility Quarantine ဝင်ရောက်နေသူများအား ကိုဗစ်−၁၉ကူးစက်ရောဂါ ရှိ/မရှိ စစ်ဆေးနိုင်ရေးဓာတ်ခွဲနမူနာများ ရယူ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက် တရုတ်စုအခြေခံ ပညာအလယ်တန်းကျောင်းတွင် Facility Quarantine ဝင်ရောက်နေသူများကို ကိုဗစ်−၁၉ရောဂါ ရှိ/မရှိဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ် နမူနာများရယူခြင်းကိုယနေ့ နံနက်(၁၀)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပန်းတောင်းမြို့ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်းများထုတ်ပြန်ကြေညာ

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယ အကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာခြင်းကို ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံက်ပိုင်းမှစ၍ ထုတ်ပြန်ကြေညာထားကြောင်းသိရှိရသည်။

ကျီခါးမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်(၂)ခုရှိ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင် စာရင်းများကို ယမန်နေ့မှစတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာ ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်း ဖွင့်လှစ်

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲ သင်တန်းကို သုံးလောကထွဋ်ခေါင်မာရ်အောင်ရတနာ ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေညာ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိစေရန် မဲဆန္ဒရှင်စာရင်းများကို

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက မအူပင်ခရိုင် သာသနာ့ဗိမ္မာန်တော်ကြီးခန်းမနှင့် ရန်အောင်မဟာစည်သာသနာ့ ရိပ်သာဝန်းတွင် လူစုလူဝေးမဖြစ်စေရန် နေရာခွဲကာ ကျင်းပ ဆောင်ရွက်သည်။

ရန်ကင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင် အမည်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာထားကြောင်း သိရသည်။
Subscribe to