ပုဗ္ဗသီရိမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ပုဗ္ဗသီရိ  အောက်တိုဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ  ရက်နေ့မှစတင်၍ ထုတ်ပြန်ကြေညာ ခဲ့ပြီး ယနေ့နံနက်ပိုင်းက တာဝန်ရှိသူတို့က မဲစာရင်းကြေညာထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် အတွင်းရေးမှူး ဦးအောင်စိုးဝင်း၊ ဥတ္တရခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးလှသန်းနှင့် အတွင်းရေးမှူး ဦးကျော်စွာဦး၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစန်းလွင်၊ အတွင်းရေးမှူးဦးရှိုင်းအောင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် တာဝန်ရှိသူတို့က ဘုရင့်နောင်ရပ်ကွက်နှင့် နဝဒေးရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက် ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက မဲစာရင်းတွင် အမည်မပါဝင်မှုများ၊ ကိုယ်ရေးအချက်အလက် မှားယွင်းနေမှုများနှင့် မပါဝင်သင့်သူများ ပါဝင်နေမှုများအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အချိန်မီပြီးစီး အောင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ ထို့နောက် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် တာဝန်ရှိသူတို့က ရပ်ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ပြည်သူများအား မဲဆန္ဒရှင်စာရင်းဆိုင်ရာ အသိ ပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စုမှ အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း (၉၂၈၆၉)ဦးခန့်ရှိပြီး မဲရုံပေါင်း(၇၉)ရုံ လျာထားဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကံချွန်(ပြန်/ဆက်)