ဒေးဒရဲ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက စုပေါင်းလှူဒါန်းသည့် အလှူငွေများကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီသို့ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းမိသားစုများက (၁၂၀၀၀၀)ကျပ်၊ ဒေးဒရဲမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက (၅၀၀၀၀၀)ကျပ်၊ မြို့နယ်ပညာရေးမှူး ဦးလှစိုး၏ ဦးဆောင်မှုဖြင့် မြို့နယ ပညာရေးဌာန ဝန်ထမ်းမိသားစုများက (၂၀၅၀၀၀၀)ကျပ်၊ မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းမိသားစုများက (၂၂၈၀၀၀)ကျပ်၊ မြို့နယ်ဥပဒေရုံးဝန်ထမ်း မိသားစုများက (၉၀၀၀၀)ကျပ်နှင့် အထက(၂)ကျောင်းက ဆရာ၊ ဆရာမများ စုပေါင်း၍ (၁၆၀၀၀၀)ကျပ်၊ စုစုပေါင်း လှူဒါန်းငွေ (၃၁၄၈၀၀၀)ကျပ်အား တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထက်မြက်အောင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးတို့က လက်ခံရယူ ခဲ့ကြပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)