ဘိုကလေး အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ အသက်(၈၀)မှ (၈၅)နှစ်ကြား အဘိုးအဘွားများအား မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများကို အောက်တိုဘာ (၁)ရက်နေ့မှစ၍ ယနေ့ထိ ဘိုးဘွားများ၏ လက်ဝယ်အရောက် ကူညီထောက်ပံ့ ပေးလျက်ရှိသည်။
ဘိုကလေးမြို့ပေါ် ရပ်ကွက်(၁၀)ခုတွင် အသက်(၈၀)နှစ်မှ (၈၅)နှစ်ကြား ထောက်ပံ့ပေးရမည့် အဘိုးဦးရေ (၉၄)ဦး၊ အဘွားဦးရေ(၂၂၄)ဦး၊ စုစုပေါင်း(၃၁၈)ဦးရှိကြောင်း၊ ဘိုကလေးမြို့နယ် အတွင်းမှ ကျေးရွာအုပ်စု (၇၆)အုပ်စုတွင် အဘိုးဦးရေ (၃၉၁)ဦး၊ အဘွားဦးရေ (၅၃၇)ဦး၊ စုစုပေါင်း (၉၂၈) ဦးရှိကြောင်း၊ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စက်တင်ဘာ (၃၀)ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လက်ဝယ်သို့ မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ တာဝန်ယူ၍ အောက်တိုဘာ(၁)ရက်နေ့မှ ယနေ့ထိ ဘိုးဘွားများ၏ လက်ဝယ်အရောက် ၎င်းထောက်ပံ့ငွေများအား လိုက်လံထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)