စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထား
တမူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ ကပ်ထားကြေညာလျက်ရှိရာ မဲစာရင်းများတွင် အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် မဲဆန္ဒရှင် ပြည်သူများက လာရောက်ကြည့်ရှု့ကြ၍ ပြင်ဆင်လိုသည့် အချက်အလက်များကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရှိရသည်။