ဒေးဒရဲ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်း များအား ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့ နံနက် ၈ နာရီမှ စတင်၍ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် စတင်ကြေညာ ထားရှိကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကပ်ထား ကြေညာ ထားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် မပါရှိပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများ ဖြစ်ပါက ပုံစံ-၃(က)ဖြင့် လျေှာက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းတွင် ဖြည့်သွင်းထားသည့် အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲဆန္ဒရှင် စာရင်းတွင်ပါဝင်ပြီး မဲပေးပိုင်ခွင့်ရှိရေး Online မှတဆင့် ကြည့်ရှုစစ်ဆေးနိုင်ပြီး မဲဆန္ဒရှင်များကိုယ်တိုင် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး တစ်ဦးလာရောက်ကြည့်ရှု၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)