ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း ဒုတိယအကြိမ် မဲစာရင်းများအား ထုတ်ပြန်ကြေညာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အား ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာကပ်ထားခြင်းကို ရပ်ကွက်/ကျေးရွာများရှိ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ (၁) ရက်နေ့နံနက်ပိုင်းမှစ၍ ထုတ်ပြန်ကြေညာ ထားရှိပြီး အဆိုပါထုတ်ပြန်ကြေညာထားရှိမှုများအား မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရီနှင့် အဖွဲ့ဝင်များက နယ်မြေများခွဲခြားသတ်မှတ်၍ ကွင်းဆင်း စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်၊ လမ်းပြကြယ် ငွေစုငွေချေးသမဝါယမအသင်းရုံး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်‌ရေး အသိပညာပေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး‌ဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းရုံး၌ ယမန်နေ့နံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရေကြည်မြို့နယ် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲသင်တန်း ဖွင့်လှစ်

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန်အတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရုံးကွက်သစ် အ.မ.က ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် ကပ်ထားကြေညာ ခြင်းကို ယနေ့မန်နံနက်ပိုင်းမှစတင်၍ ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာပေးလျက်ရှိသည်။

ရွှေဘိုခရိုင် ရေဦးမြို့နယ်အတွင်း အသက် ၈၀ မှ ၈၅ နှစ် ရှိ သက်ကြီး ဘိုးဘွားများတွက် ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်တိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် လူမှု၀န်ထမ်းဦးစီးဌာနက ရေဦးမြို့နယ်အတွင်းရှိ အသက် ၈၀ နှစ်မှ ၈၅ နှစ် ရှိ သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကိုသက်ဆိုင်ရာ တာဝန်ရှိ သူ များက ရပ်ကျေးအုပ်ချုပ်ရေးမှုးများထံ ယနေ့ နံနက် ၁၀ နာရီကလွှဲပြောင်းပေး အပ်ခဲ့ကြ ကြောင်း သိရှိရသည်။

ဟဲဟိုးလေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစီမံအတွက် မြေယာလျော်ကြေးနှင့်သီးနှံလျော်ကြေးများပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ဟဲဟိုးလေယာဉ် ကွင်း အဆင့် မြှင့်တင်ရေး စီမံကိန်းသည် နိုင်ငံတကာအဆင့်မီဆောင်ရွက်မည့်စီမံကိန်းဖြစ်ပြီး Public private partnership (pppစနစ်)အစိုးရ-ပုဂ္ဂလိကအကျိုးတူ ပူးပေါင်းဆောင်ရွက်သောစနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ဟဲဟိုးလေယာဉ်ကွင်း၏ လက်ရှိ မြေဧရိယာသည်(၅၄၉.၆၁)ဧက ရှိသော် လည်း အဆင့်မြှင့် တင်ရေး စီမံကိန်းဆောင်ရွက်ရန်အတွက် မြေဧရိယာလုံလောက်မှုမရှိသည့် အတွက် မြေဧရိယာ (၁၀၀.၃၀) ဧကထပ်မံလိုအပ်သောကြောင့် တောင်သူများအား မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေး များပေး အပ်ခြင်းကို အောက်တိုဘာ(၂)ရက် နံနက်(၁၀)နာရီက ကလောမြို့နယ် ဟဲဟိုးလေယာဉ် ကွင်းခရီး သည်နား နေဆောင်၌ ကျင်းပသည်။

ဝမ်းတွင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့်ပျက်စီးသွားသော သီးနှံဧကများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၂၀၂၀ခုနှစ် မိုးရာသီတွင်ရေကြီးနှစ်မြှပ်မှုကြောင့် ပျက်စီးသွားသော သီးနှံဧကများအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးထောက်ပံ့ပေး အပ်ပွဲကိုယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။

အသုတ်မြို့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ကျောင်းလမ်းနှင့် ဘူတာရုံလမ်း ဒေါင့်ရှိ ဦးဝင်းစိန် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် ယနေ့နံနက် ၃ နာရီအချိန်ခန့်က မီး လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကို ပူးပေါင်းကူညီကာကွယ်ရန် နောင်ချိုမြို့ စေတနာမွန်လူမှုကူညီရေးအသင်းမှ ရန်ကုန် မြို့သို့ ထွက်ခွာ

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စေတနာမွန်လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးနေဦးသာနှင့် အသင်း သားများ သည် ရန်ကုန်မြို့တွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါကို ပူးပေါင်းကူညီ ကာကွယ်ရန် ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က နောင်ချိုမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

ရှမ်းပြည်နယ်ကြက်ခြေနီအသင်းအတွက် ပိုးသတ်ဆေးရည်ဘူး(၁)ထောင် လာရောက်လှူဒါန်း

ရှမ်းပြည်နယ်အတွင်းရှိ ကြက်ခြေနီအသင်းများအတွက် တရုတ်နိုင်ငံ၊ တက်ဟုန်ပြည်နယ်ခွဲ၊ ကြက်ခြေနီအသင်းက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းဖြစ်သည့် ပိုးသတ်ဆေးရည်ဘူး စုစုပေါင်း(၁)ထောင်ကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်က မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(နန်းတော်ဂိတ်)၌ လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။
Subscribe to