ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်တွင် Facility Quarantine ဝင်ရောက်နေသူ (၁၆)ဦးအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဓာတ်ခွဲနမူနာများရယူ

ကျောက်ဆည်  နိုဝင်ဘာ  ၂

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၊ နည်းပညာတက္ကသိုလ်တွင် Facility Quarantine ဝင်ရောက် နေသူ(၁၆)ဦးအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဓာတ်ခွဲနမူနာများရယူခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျောက်ဆည် နည်းပညာတက္ကသိုယ် အနော်ရထာအဆောင်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု-ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်မင်းမင်းစိန်နှင့် တာဝန်ရှိသူ များက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ခွဲနမူနာများ ရယူရာတွင် ရန်ကုန်မှပြန်လည်ဝင်ရောက်လာသူ အမျိုးသား(၁၀)ဦး၊ မူဆယ်မြို့မှပြန်လည် ဝင်ရောက်လာသူ အမျိုးသား(၂)ဦး၊ လားရှိုးမြို့မှ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား(၂)ဦး၊ အမရပူရမြို့မှ ပြန်လည် ဝင်ရောက်လာသူ အမျိုးသမီး(၂)ဦး၊ စုစုပေါင်း (၁၆)ဦးတို့၏ ဓာတ်ခွဲနမူနာများ ရယူခဲပြီး အဆိုပါ ဓာတ်ခွဲနမူနာများတွင် ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာန (မန္တလေး)သို့ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရှိ ရသည်။

ဓာတ်ခွဲနမူနာများရယူရာတွင် ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်မင်းမင်းစိန်ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဒေါက်တာအောင်မင်းခန့် (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အဟာရ)နှင့် သားဖွားဆရာမ ဒေါ်စန္ဒာလွင်နှင့် ဒေါ်ဝါဝါထွန်း၊ ကျန်းမာရေးကြီးကြပ်(၂) ဦးသက်အောင်တို့က ဆောင်ရွက်ခဲ့ကြပြီး ဓာတ်ခွဲအဖြေများကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေး ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော် က ပြောပြသည်။

သက်မောင်(ကျောက်ဆည်)