လမ်းမတော် အောက်တိုဘာ ၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို လမ်းမတော် မြို့နယ် မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံး၌ ယမန်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားတွင် လမ်းမတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းဦးက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် လမ်းမတော်မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ သင်တန်းသား (၂၂)ဦး တက်ရောက်ခဲ့ကြပြီး အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာ ၂၈ ရက်နေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး လူ့အခွင့်အရေး၊ ရဲကျင့်ဝတ်၊ ရဲစည်းကမ်းနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစဉ် စသည့် ဘာသာရပ်များအား ဆွေးနွေး ပို့ချပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့်