စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျေးရွာလူထုပူးပေါင်း၍ ကျေးရွာ မီးလင်းရေး ဖွင့်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် မြို့ကြီးကျေးရွာအုပ်စု ထန်းတောဗောဓိကျေးရွာတွင် ယမန် နေ့ ညနေ ၆ နာရီက ကျေးရွာမီးလင်းရေးဖွင့်ပွဲ ပြုလုပ်ခဲ့ရာ ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ထွေး၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးထွန်းမြင့်မော်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။