မင်္ဂလာဒုံ အောက်တိုဘာ ၂
WE LOVE YANGON လူထုအခြေပြု ပရဟိတအဖွဲ့သို့ မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် ဝန်ထမ်းမိသားစုများက ကိုဗစ်-၁၉ ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများ အတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုရန် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က အလှူငွေ ၅ သိန်း သွားရောက် လှူဒါန်းကြောင်း သိရသည်။
ယခုအခါ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပေါ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ မြို့တော်သူမြို့တော်သားများ၊ ပရဟိတအဖွဲ့များ တက်ညီလက်ညီ ပူးပေါင်း၍ ရောဂါဘေးမှ ကင်းဝေးရန် ဆောင်ရွက်လျက် ရှိပါတယ်။
မြိုနယ်စည်ပင်သာယာရေး ကော်မတီအနေဖြင့် အများပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်း နိုင်စေရန် တစ်ထောင့်တစ်နေရာမှ ပါဝင်၍ လှူဒါန်းခြင်း ဖြစ်ပါတယ်ဟု မင်္ဂလာဒုံမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားခဲ့သည်။
ဇင်ငြိမ်း(ပြန်/ဆက်)