ကျိုင်းတုံမြို့၌ Mobile Tablet အသုံးပြု၍ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းနှင့် ပြည်သူ့ ကျန်းမာရေး ကြီးကြပ်(၂) များအား မွန်းမံသင်တန်းပို့ချခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်း(ဗဟိုအဆင့်) ဖွင့်လှစ်သင်ကြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သင်တန်းခန်း၌ Mobile Tablet အသုံးပြု၍ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) များအား မွန်းမံသင်တန်းပို့ချခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်း(ဗဟိုအဆင့်)ကို ယမန်နေ့က စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်းသိရသည်။

ဗိုလ်တထောင်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကျန်းမာ‌ရေးလမ်းညွှန်ချက်များနှင့် အညီလိုက်နာ ဆောင်ရွက်ခြင်းရှိ၊ မရှိကိုယမန့်နေ့ နံနက်(၁၁) နာရီတွင်ဘိုကလေးဈေး၌ကွင်းဆင်းစစ် ဆေးခဲ့‌ကြောင်းသိရသည်။

သံတောင်ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းများဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ပညာဖွံ့ဖြိုးတိုးတက် စေရန် အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်မှစ၍ ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူများအား မဲစာရင်းတွင် မိမိအမည်ပါ/မပါ သက်ဆိုင်ရာကော်မရှင်ရုံးများ၌ သွားရောက်ကြည့်ရှုရန် ပြည်မြို့အရပ်ဘက် ပရဟိတအဖွဲ့များက လက်ကမ်းစာစောင်များဖြန့်ဝေ၍ နှိုးဆော်

ပြည်မြို့ရှိ သက်ဆိုင်ရာရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြော်ငြာကပ်ထားသည့် မဲစာရင်းတွင် မိမိတို့အမည်ပါ/မပါ သွားရောက်ကြည့်ရှုရန် ပြည်သူများအား အရပ်ဘက်ပရဟိတလူမှုအဖွဲ့များက လက်ကမ်း စာစောင်များ ဖြန့်ဝေ၍ လိုက်လံအသိပေးနှိုးဆော်လျက် ရှိကြောင်းသိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့်ဆေးတိုက်ခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင်မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီး ဌာနမှမွေးကင်းစမှစ၍ အသက်(၁)နှစ်ခွဲအထိကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ခြင်းလုပ်ငန်းကိုသြဂုတ်လ(၁)ရက်နေ့မှစတင်ကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဖာပွန်မြို့၌ ပုံမှန်ကာကွယ်​ဆေးထိုး​ဆေးတိုက်ခြင်းများ ဆောင်ရွက်​ပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၌ မြို့နယ်မိခင်နှင့် က​လေး​ကျန်းမာ​ရေးဌာနတွင် မြို့​ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ က​လေးများအား ပုံမှန်ကာကွယ်​ဆေးထိုး​ဆေးတိုက်ခြင်းအစီအစဉ်ကို ​ဆောင်ရွက်​ပေးလျက်ရှိရာ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်သည့်အ​နေဖြင့် ​ဆေးထိုးရန်လာ​ရောက်သည့် က​လေးမိခင်များအား နှာ​ခေါင်းစည်း Mask တပ်ဆင်​စေခြင်း၊ က​လေးမိခင်များအား စနစ်တကျလက်​ဆေးပြီးမှ ​ဆေးခန်းအတွင်း ဝင်​ရောက်​​​စေခြင်း၊ ဆေးထိုး​ဆေးတိုက်ခြင်းကို က​လေးတစ်ဦးပြီးမှတစ်ဦးဆောင်ရွက်​ခဲ့​​ကြောင်း၊ လူစုလူ​ဝေးမဖြစ်​စေရန် တစ်​နေ့လျှင် တစ်နာရီခြားတစ်ကြိမ်စီဖြင့် က​လေး (၃၀) ဦးကိုသာ ​ဆေးထိုး​ဆေးတိုက်​​ဆောင်ရွက်​​ပေးခဲ့ကြောင်း သိရှိရသည်။

မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အုတ်စီရေနုတ်မြောင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မိုးတွင်းကာလရေစီးရေလာ ကောင်းမွန် စေရန်၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အုတ်စီရေမြောင်း များ ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။

ချင်းပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနအတွင်းရှိ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့

ချင်းပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိမိဌာနအတွင်းရှိ ဝန်ထမ်းသားသမီး များအား ၂၀၂၀-၂၀၂၁ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ချင်းပြည်နယ်အထွေထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် မိမိဌာနအတွင်းရှိ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေး ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဆက်လက်၍ နှစ်စဉ်ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ရေးတို့ကို လည်းကောင်း ရှင်းလင်း ပြောကြားသည်။

ကန်ကြီးထောင့်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ဦးအား တူညီဝတ်စုံများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ဦးအား မီးလောင်ပြင်သုံးနှင့် ရှာဖွေ ကယ်ဆယ်ရေးသုံး တူညီဝတ်စုံများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ် ခဲ့သည်။
Subscribe to