လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများလာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့သည်။

ရန်ကင်းမြို့နယ်တွင် Quarantine Centre ထားရှိသည့် စောင့်ကြည့်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်(Swab) ဓာတ်ခွဲနမူနာ ရယူခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဖွင့်လှစ်ထားသော (၄) ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း Community Based Facility Quarantine Centre ၌ ထားရှိသော စောင့်ကြည့် လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်(Swab) ဓာတ်ခွဲနမူနာ ရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ရန်ကင်းမြို့နယ်ရှိ Quarantine Centre များသို့ စေတနာရှင်များမှ အလှူငွေများနှင့် စားသောက်ဖွယ်ရာများလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ ထားရှိသည့် Quarantine Centre များတွင် လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန်အတွက် စေတနာရှင်များမှ အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ယမန်နေ့က အ.ထ.က(၁) Quarantine Centre သို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ငွေ နှင့် ပစ္စည်များ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် စက်တင်ဘာလ ၃၀ ရက်နေ့က လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒါဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသဖြင့် ရွှေဘိုခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မီးဘေးသင့် ပြည်သူများထံ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆက်စပ်ပစ္စည်းများ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များသို့ ထောက်ပံ့ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID -19) မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး စပ်ဆက်ပစ္စည်းများအား ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရှိ ပရဟိတအဖွဲ့များသို့ ပြန်လည် ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီအချိန်က စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီရုံးတွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ အဝင်/အထွက်ဂိတ်များ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေမှုများကို ကွင်းဆင်း စစ်ဆေး

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် မြို့အဝင်/ အထွက် စစ်ဆေးရေး ဂိတ်များတွင် ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က မကွေးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် နှင့်အဖွဲ့ဝင်များက သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။

မတူပီမြို့၌ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှု ၁၄ရက် ပြည့်သူ(၅)ဦး Swabနမူနာ ရယူပြီး ရောဂါပိုးမရှိသဖြင့် အိမ်ပြန်ခွင့်ပြု

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုးတွေ့ရှိသော ဒေသများနှင့် ဒေသခြားမှ ပြန်လာသူများကို Facility Quarantine Center များ၌ ၁၄ ရက် ကန့်သတ် နေထိုင်စေပြီး Swab နမူနာများ ရယူ၍ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ရောဂါပိုးကင်းစင်သော နေရပ်ပြန် ပြည်သူများကို ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်များ ထုတ်ပေး၍ ယနေ့ နံနက်ပိုင်း က အိမ်ပြန် ခွင့်ပြုပေးခဲ့သည်။

ရွှေတောင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုနိုင်ရေး ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထား ကြေညာ

ရွှေတောင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေးကို မဲစာရင်းများ လာရောက်ကြည့်ရှု နိုင်ရန်အတွက် ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ထပ်မံကြေငြာထားရှိ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ခေါင်လန်ဖူးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲအဖွဲ့ခွဲရုံးများတွင် ကြေငြာထား ကြောင်း သိရသည်။
Subscribe to