ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်အောက် သက်ကြီး ဘိုးဘွား များအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်

ဒဂုံမြောက်  အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် (၈၀) နှစ်နှင့် (၈၅)နှစ်အောက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် အရ အသက်ကန့်သတ်ချက် လျော့ပေါ့ပေးခြင်းလုပ်ငန်း စီမံချက်တစ်ရပ် အနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ  ဘိုးဘွားတစ်ဦးလျှင်  ထောက်ပံ့ ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွား (၂၀၁၂)ဦး အတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၆၀၃၆၀၀၀၀/-) ကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)