မိုင်းရှူး အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သော Du-16 မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ ဒုတိယအကြိမ်မျိုးကွဲ နုတ်ပယ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မိုင်းအော့ ကျေးရွာအုပ်စု၊ မိုင်းအော့ကျေးရွာမှတောင်သူဦးစိုင်းရွှေခမ်း ၏မိုးစပါးမျိုးစေ့ထုတ်လယ်မြေ၌ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မျိုးကောင်းမျိုးသန့် မိုးစပါးမျိုးများ ရရှိနိုင်ရန် အတွက် စိုက်ခင်းသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်နှင့်ဝန်ထမ်းများက တောင်သူများ နှင့်အတူ စိုက်ပျိုးထားသော စိုက်ခင်းတွင် ပိုးမွှားရောဂါ ကျရောက်မှုရှိ/မရွိကြည့်ရှုစစ်ဆေးခြင်း၊ မျိုးမသန့်သည့် စပါးမျိုးများ မျိုးကွဲပယ်ခြင်းနှင့်စိုက်ပျိုးရေးနည်းစနစ်များ ကွင်းဆင်းပညာပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
မြို့နယ်(ပြန်/ဆက်)