ပေါင်းတည် အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိင်ရေးအတွက် အထူးရဲ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈နာရီအချိန်က မြို့မရဲစခန်းသင်တန်းခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ပေါင်းတည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ အထူးရဲသင်တန်းကို အောက်တိုဘာလ ၁ရက်နေ့မှ အောက်တိုဘာလ လကုန်ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း ၅နေရာတွင် သင်တန်းသား ၁၂၆ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
တင်ဝင်းဇော် (မင်းသားကြီး)ပေါင်းတည်