ကျောက်ကြီး အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀) နှင့် (၈၅)အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာန မှ ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုဗစ်-၁၉ကာလအတွင်း ကျောက်ကြီးမြို့နယ်ရှိ အသက်(၈၀)နှစ်မှ (၈၅)နှစ် ရှိ သက်ကြီးရွယ်အို အဘိုး (၂၂၂)ဦး အဘွား(၃၉၇) ဦး စုစုပေါင်း ဘိုးဘွား(၆၁၉)ဦးအား တစ်ဦးလျှင် (၃၀၀၀၀/-) နှုန်းဖြင့်ငွေကျပ် (၁၈၅၇၀၀၀၀/-) ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ထံလွဲအပ်ပေးခဲ့ပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ တစ်အိမ်တက်ဆင်း ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရသည်။
K ခိုင် ပြန်/ဆက်