ရွှေပြည်သာမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအတွက်အထူးရဲသင်တန်းဖွင့်လှစ်

ရန်ကုန်‌‌‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်  ၂၀၂၀  ပြည့်နှစ်ပါတီစုံဒီမိုကရေစီ   အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက်

ကွန်ဟိန်းမြို့၌ မြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများ ဒုတိယအကြိမ်(နောက်ဆုံးအကြိမ်)ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်(နောက်ဆုံးအကြိမ်) အဖြစ် ကပ်ထား ကြေညာခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ထားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာ

၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန္ဒမဲပေးခွင့် ရှိသူများစာရင်းကို မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ကပ်ထားကြေညာခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူ( ၁၇၀၅၈)ဦးအား သက်ဆိုင်ရာဒေသများသို့ ပို့ဆောင်ပေးနိုင်ခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗသ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့ ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ အောက်တိုဘာလ (၂)ရက်နေ့တွင် အမျိုးသား (၅၁)ဦး ၊ အမျိုး သမီး (၈)ဦး စုစုပေါင်း (၅၉ )ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။

ရေးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူ များနှင့် မြို့နယ်ဆု(အထူးဆု)ရရှိသော သူတို့အား ဂုဏ်ပြုဆုငွေများချီးမြှင့်

မွန်ပြည်နယ်၊ ရေးမြိုနယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူး(၃) ဘာသာဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်ဆု (အထူးဆု) ရရှိသူများအား ဂုဏ်ပြုဆုငွေများကို အောက်တိုဘာ ၁ ရက်နေ့က မြို့နယ် ပညာရေးမှူးရုံး၌ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၁ရက် နေ့မှ အောက်တိုဘာ ၁၄ရက်နေ့ အထိ နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာထားကြောင်းသိရသည်။

ဆိပ်ဖြူမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ် ကပ်ထားကြေညာ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ဆိပ်ဖြူမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကပ်ထား ကြေညာထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် အထူးရဲ( Special Police) သင်တန်းဖွင့်လှစ်

 မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန်အတွက် အထူးရဲ( Special Police) သင် တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါက်မြို့အောင်တော်မူရပ်ကွက် မိုးကုတ်ဓမ္မရိပ်သာ နှင့် ကျေးရွာအုပ်စုများတွင် သက်ဆိုင်ရာ သင်တန်းနေရာများ၌ ကျင်းပခဲ့သည်။
Subscribe to