မွန်ပြည်နယ် ရေးမြို့နယ်၌ ရေလုပ်သားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်း ဖွင့်လှစ်
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွန်ပြည်နယ် ငါးလုပ်ငန်းဉီးစီးဌာနမှ "ရေ လုပ်သားများ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်း အမှတ်စဉ် ( ၄ / ၂၀၂၀ )" ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရေးမြို့နယ် အဘော်ကျေးရွှာရှိ ရွှေဖူးစာခန်းမ၌ ကျင်းပခဲ့သည်။