ပင်လုံမြို့၌ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးဆိုင်ရာအသိပေးချက်များ လိုက်နာဆောင်ရွက်ထားမှု အခြေအနေအားစစ်ဆေး

ပင်လုံ    အောက်တိုဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင် များအား မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မိမိမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုမရှိစေ ရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက်၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က ဆိုင်ထိုင်စားသောက်ခွင့်ကို မပြုတော့ဘဲ ပါဆယ်စနစ် (Take away) စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားချက်ထုတ် ပြန်ခဲ့ကြောင်းသိရသည်။

အဆိုပါ လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များအား ကိုဗစ်-၁၉ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဈေးရောင်းသူများ၊ ဈေးဝယ်ယူသူများက လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိအားလည်းကောင်း၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အနေဖြင့် ပါဆယ်စနစ် (Take away) စနစ်ဖြင့်ရောင်းချဝယ်ယူရန် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိအားလည်းကောင်း ယမန်နေ့ နေ့လယ် ()နာရီအချိန်ခန့်က လွိုင်လင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများ၊  စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများ၊ လွိုင်လင် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပင်လုံမြို့မဈေး၊ ပျံကျဈေး၊ ရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင် နှင့်စားသောက်ဆိုင်များအားလှည့်လည်၍ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။  

နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ပင်လုံ)