ရန်ကုန် အောက်တိုဘာ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀) နှင့် (၈၅)အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုဗစ်-၁၉ကာလအတွင်း သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်မှ (၈၅)နှစ် ရှိ သက်ကြီးရွယ်အို အဘိုး၊အဘွား (၁၄၇၀)ဦး အား တစ်ဦးလျှင် (၃၀၀၀၀/-) နှုန်းဖြင့်ငွေကျပ် (၄၃၄၄၀၀၀၀/-) ကို သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ထံလွဲအပ်ပေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်အိမ်တက်ဆင်း ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)