ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၈)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်    အောက်တိုဘာ   

ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး  လုပ်ငန်းကော်မတီက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက်  စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ညနေ()နာရီအချိန်က နေရပ်ပြန်ပြည်သူ()ဦးအား လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်းပို့ဆောင် ပေးခဲ့သည်။

အဆိုပါ ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ()ဦးမှာ အမျိုးသား()ဦး၊ အမျိုးသမီး()ဦး တို့ဖြစ်ကြပြီး မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ()ဦးနှင့်  ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှ()ဦး တို့ဖြစ်သည်။

ထိုသို့  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေ:လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ  တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့  မှ ယနေ့ အထိ အမျိုးသား(၈၅၆၀)ဦး နှင့် အမျိုးသမီး(၆၉၁၈)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅၄၇၈)ဦး တို့ကို လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)