ပြည်ကြီးမဏ္ဍိုင်မြို့၌ လမ်းသွားလမ်းလာများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်  အောက်တိုဘာ 

ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့် အနေဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် နာရီက ပြည်ကြီးမဏ္ဍိုင်မြို့ လမ်းဆုံ၌ လမ်းသွားလမ်းလာ နှင့် ခရီးသွားပြည်သူများအား အပူချိန်တိုင်းပေးခြင်း၊ ပညာပေး လက်ကမ်း စာစောင်နှင့် Maskများ အခမဲ့ဖြန့်ဝေခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ကူးစက်ကပ်ရောဂါသည် မြန်မာနိုင်ငံအတွင်း ပြည်တွင်းကူးစက်မှုအသွင်ဖြင့် ရောဂါ ကူးစက်မှုများ တစ်နေ့တခြား များပြားလာသည့်အတွက် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ မိဘပြည်သူများထံ ရောဂါပိုးကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယခုကာလအတွင်း မလိုအပ်ပဲအပြင်မထွက်ကြရန်၊ အပြင်ထွက်ပါက Mask စနစ်တကျ တပ်ဆင်ပြီးမှသာ ထွက်ခွါသွားလာရန်၊ အိမ်သို့ပြန်လည် ဝင်ရောက်ပါက လက်များဆေးကြောသန့်စင်ပြီးမှ နေအိမ်အတွင်းသို့ ဝင်ရောက်ရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ပရဟိတအဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့် စေတနာရှင်များ ပူးပေါင်း၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးလွင်(ပြန်/ဆက်)