ကရသူရိမြို့တွင် လျှပ်စစ်ကြိုးအန္တရာယ် ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

ကရသူရိ  အောက်တိုဘာ  ၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် လျှပ်စစ်ကြိုးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေး အန္တရာယ် ကာကွယ်ရေး စစ်ဆေးခြင်းကို ယနေ့နံနက်က ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း အိမ်ယာများသို့ လိုက်လံ စစ်ဆေး​ ဆောင်ရွက်သည်။

အဆိုပါဆောင်ရွက်ခြင်းကို ကရသူရိမြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင် ဦးစီးပြီး မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတာဝန်ခံ ဦးမြသိန်းနှင့် လက်ထောက်မီးသတ် ဦးစီးမှူး ဦးအောင်မြတ်ဖြိုးတို့ ပူးပေါင်းကာ မီးကြိုး သွယ်တန်ထားမှု စနစ်မှန်ကန်မှု ရှိ/မရှိ၊ လျှပ်စစ်ဓာတ်အား ကြိုးများ၏ ဝန်အား မီးခလုတ်၊ မီးကြိုးတပ်ဆင်ထားမှုများ သတ်မှတ်ချက်များ နှင့်အညီရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လျှပ်စစ်ကို စနစ်တကျသုံးစွဲကြရန်၊ မီးသတ်ဆေးဗူးများ ထားရှိရေးနှင့် အရေးပေါ်သုံးစွဲနည်းများကို အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးဝင်း(ပြန်/ဆက်)