လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Lockdown ချထားသော လမ်းများရှိ အိမ်ထောင်စုများအတွက် စားသောက်ကုန်များနှင့် Mask များ ဆက်လက်လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်းအောက်တိုဘာ 

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အမှတ်(၁၆)ရပ်ကွက်၊ အမှတ်(၁၉နှင့် ကုလားကြီးစု ကျေးရွာနှင့် ကံလှကျေးရွာများရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ကြက်ဥ နှင့် နှာခေါင်းစည်း Mask များကို ယမန်နေ့ ညနေ ပိုင်းက ပေးအပ်လှူဒါန်းသည်။

အဆိုပါပေးအပ်လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်() တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူတို့က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ် (၁၆)ရပ်ကွက်တွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု (၂၄)စု (၁၉)ရပ်ကွက်တွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု ()စု၊ကုလားကြီးကျေးရွာတွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု (၁၃)စု၊ကံလှကျေးရွာတွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု (၁၃)စုစုပေါင်း  Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု (၅၃ )စု တို့အား  ပေးအပ် လှူဒါန်း သည်။

ထိုသို လှူဒါန်းပေးအပ်ရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်()ပြည်၊ ဆီ(၅၀)သား()ဘူး ၊ကြက်ဥ (၁၀)လုံး စီနှင့် နှာခေါင်းစည်း Mask များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း (ပြန်/ဆက်)