လေးမျက်နှာမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်မှ “သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါ စစ်ဆေးပြီးပြီလား” ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

လေးမျက်နှာ  အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ အောင်မင်္ဂလာဈေး၊ အိုင်သပြုစျေးနှင့် လမ်းဆုံတို့တွင် ယနေ့နံနက်()နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများနှင့် ကော်မရှင်အဖွဲ့ခွဲဝင်များ ပူးပေါင်း၍ သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါစစ်ဆေးပြီးပြီလားခေါင်းစဉ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေးအသိပညာပေးနှိုးဆော်ပေးခဲ့ပြီး မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာချက်အား လူကိုယ်တိုင်သွားရောက်မစစ်ဆေးနိုင်ပါက Online မှတစ်ဆင့်စစ်ဆေးနိုင်ကြောင်း လိုက်လံနှိုးဆော်ပေးခဲ့ကြသည်။

လက်ကမ်းစာစောင်တွင် သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါစစ်ဆေးပြီးပြီလား၊ ဘေးကင်းလုံခြုံစွာနေပါ၊ သင်ကဆန္ဒမဲပေးပိုင်ခွင့် ရှိသူဖြစ်ပါသလား၊ မဲစာရင်းစစ်ဆေးပါ၊ သွားရောက်ဆန္ဒမဲပေးပါ၊ သတိရပါ၊ ဖြည့်စွက်ရန်လို အပ်မယ့်ပုံစံ၊အတူတကွမဲပေးကြပါစို့ ခေါင်းစဉ်များပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် ဘေးကင်းလုံခြုံရေးလမ်းညွှန်ချက်များ ပါဝင်ကြောင်း သိရသည်။

ကျော်ဟိန်း(လေးမျက်နှာ)