နောက်ဆုံးအကြိမ် အခြေခံမဲဆန္ဒရှင်အမည်စာရင်း ကပ်ထားကြေညာမှုအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေး

မောက်မယ်  အောက်တိုဘာ  ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ​ထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရေးအတွက် မောက်မယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများသည် နောက်ဆုံးအကြိမ် အခြေခံ မဲဆန္ဒရှင်အမည်စာရင်း ကပ်ထားကြေညာခြင်းနှင့် မဲရုံနေရာများကို ယမန်နေ့ နံနက် ၉ နာရီက ကျေးရွာအုပ်စုရှိ ကျေးရွာများသို့များသို့  သွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

အခြေခံမဲဆန္ဒရှင် အမည်စာရင်းအား(၁−၁၀−၂၀၂၀)မှ (၁၄−၁၀−၂၀၂၀)ရက်နေ့အထိ နောက်ဆုံးအကြိမ် ကပ်ထား ကြေညာမည်ဖြစ်ပြီး မောက်မယ်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၂၁၀၄)ဦးရှိကာ  မဲဆန္ဒနယ် အမှတ်(၁)တွင် မဲရုံ (၁၉)ရုံ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံ (၁၃)ရုံ စုစုပေါင်း မဲရုံ (၃၂)ရုံ ဆောင်ရွက်ထား ရှိမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)