မင်းတုန်း အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဒေါင့်တိုက်၊ ရွာပုလဲ၊ မီးပေါက်(တ)၊ ညောင်မော်၊ ဝန်တွင်း၊ တပ်၊ ခွေးတောက်ချို၊ ပန်းတုန်း ကျေးရွာတို့ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ရန်တင်ပြထားသည့် လုပ်ငန်းများအား ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး(၂)လွှတ်တော် ကိုယ်စားလှယ် ဦးအေးလှိုင်ဦးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြိုင်တို့သည် ကျေးလက်လမ်းဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်ဒေဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာများနှင်အတူ စစ်ဆေးခဲ့ကြပြီး ဒေသအတွက် အမှန်တစ်ကယ် လိုအပ်ချက်ရှိ/မရှိ၊ ရန်ပုံငွေခွဲဝေရရှိမှုနှင့် တင်ပြထားသည်လုပ်ငန်း ကုန်ကျစရိတ် ကိုက်ညီနိုင်မှု ရှိ/မရှိ တို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ချင်းကလေး(NRDC)