ကျိုင်းတုံ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဂျိုးဖြူကျေးရွာအနီးတွင် တရားမဝင်ထင်းရှူးခွဲသား ၂၀.၉၄၀၆ တန် ကို ယမန်နေ့ နံနက် ၂ နာရီခန့်က ဖမ်းဆီးရမိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက် ၂ နာရီခန့်က မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံ ကားလမ်း ကျိုင်းတုံမြို့နယ်၊ ဂျိုးဖြူကျေးရွာအနီးတွင် ကျိုင်းတုံဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်- Shan----/(၁၀)ဘီးယာဉ် ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်ထင်းရှူးခွဲသား ၃၉၆ ချောင်း၊ (၂၀.၉၄၀၆)တန် ခန့်မှန်းတန်းဖိုးငွေကျပ် ၂၀၉၄၀၆၀ ကျပ် အား တင်ဆောင်လာကြောင်း တွေ့ရှိရသဖြင့် တရားမဝင်သစ်များသယ်ဆောင်လာသည့် မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်နေ ယာဉ်မောင်း နေလင်းထွန်း (၂၇)နှစ် နှင့် ယာဉ်နောက်လိုက် မိုးဇော်ဌေး(၁၉)နှစ် ၊ သစ်များအား တာဝန်ယူသယ်ဆောင်လာသည့် ကျိုင်းတုံမြို့ ကျိုင်းကာရွာနေ မြတ်မင်းအောင် (၁၉)နှစ်၊ ကျိုင်းတုံမြို့ လုပ်သားရွာနေ အဖော်လိုက်ပါလာသူ သီမင်းဟန် (၁၉)နှစ် တို့အား ကျိုင်းတုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)