ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပေးပန်ကြားချက် ထီးလင်း၌ စဉ်ဆက်မပြတ် နှိုးဆော်

ထီးလင်း        အောက်တိုဘာ                   

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါသည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပျံ့ပွားလျက်ရှိသဖြင့် အဆိုပါရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပေးပန်ကြားချက်များအား လှည့်လည်နှိုးဆော်ခြင်းကို ယနေ့နံနက် နာရီတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူများသို့ အသိပေးပန်ကြားချက်တွင် တတ်နိုင်သမျှလူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ(လုံးဝ)မသွားကြပါရန်၊ ဖြစ်နိုင်ပါက တစ်ဦးနှင့်တစ်ဦး()ပေ အကွာမှသာ ပြောဆို ဆက်ဆံကြပါရန်၊ လိုအပ်၍အပြင်ထွက် ပါက( သို့မဟုတ်)လူစုလူဝေးရှိသည့်နေရာသို့ သွားပါက သွားသည့်အခါတိုင်း နှာခေါင်းစည်း(Mask)ကို စနစ်တကျ( မပျက်မကွက်)တပ်ဆင်ကြပါရန်၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြပါရန်၊ (COVID-19)ရောဂါ ဖြစ်ပွားလျက် ရှိသော မြို့နယ်များမှ မိမိဒေသအတွင်းသို့ ပြန်လာသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေး ဌာနများနှင့်အုပ်ချုပ်ရေး အဖွဲ့အစည်းများသို့(ချက်ချင်း)သတင်း ပေးပို့ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည် ဟူ၍ဖော်ပြပါရှိပြီး မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များ အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ထီးလင်းမြို့တွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)