ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်များသို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ဖား​ဆောင်း ​ အောက်တိုဘာ ၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ဖား​ဆောင်းပူး​ပေါင်း စစ်ဆေးရေး ဂိတ်နှင့် မော်ချီး အမှတ်(၂) ပူး​ပေါင်းစစ်​ဆေး​ရေး ဂိတ်များတွင် တာဝန်ထမ်းဆောင်​နေသည့် ဝန်ထမ်းများအတွက် စားစရိတ် ထောက်ပံ့ခြင်းနှင့်​ ထောက်ပံ့ပစ္စည်းများကို ယမန်​​နေ့က သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် ဘောလခဲခရိုင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်​ရေးမှူး ဦးသိန်း​အောင်နှင့်​ ကော်မတီဝင်များ၊ ဖား​ဆောင်းမြို့နယ် ကိုဗစ်-၁၉​ရောဂါ ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး ​ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ကော်မတီဝင်များက ပူး​​ပေါင်းစစ်ဆေးရေး ဂိတ်များတွင် တာဝန်ကျဝန်ထမ်း (၁၇)ဦးအတွက် ကယားပြည်နယ် အစိုးရအဖွဲ့မှ ​ထောက်ပံ့ ပေးအပ်သည့် တစ်ရက်လျှင်(၂၅၀၀)နှုန်းဖြင့် စားစရိတ် (၁၅)ရက်စာထောက်ပံ့ငွေ ကျပ် (၆၃၇၅၀၀)ကျပ်၊ နှာ​ခေါင်းစည်း(Mask)၊ မျက်နှာကာ(face shield)နှင့် ရေသန့်ဘူးများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး စနစ်တကျ ကြပ်မတ် စစ်ဆေး ဆောင်ရွက်သွားရန် တာဝန်ကျဝန်ထမ်းများအား မှာကြားခဲ့ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)