ငဖဲမြို့နယ် သာယာကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ် ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

ငဖဲ  အောက်တိုဘာ  ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ငဖဲမြို့နယ် သာယာကုန်းကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲတွင် ကျောင်းဆောင်သစ် အဆောက်အဦ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးပြီဖြစ်၍ ငဖဲမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူ၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လွင်နှင့် မြို့နယ်တည်ဆောက်ရေး ကော်မတီအဖွဲ့တို့မှ ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ သာယာကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ အဆောက်အဦသည် အလျား ပေ ၉၀၊ အနံ ၃၀ ပေ ရှိ Streel Structure(၁)ထပ် အမျိုးအစားဖြစ်၍ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် ၄၉.၉၅ သန်းဖြင့် ငြိမ်းချမ်းရေးသစ်ခွကုမ္မဏီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)