ဗိုလ်တထောင်မြို့နယ် ကန့်သတ်စောင့်ကြည့်စခန်းသို့ သံကုတင်နှင့်ရေသန့်ဗူးများ လှူဒါန်း

ဗိုလ်တထောင်‌  အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီးအရှ့ပိုင်းခရိုင်ဗိုလ်တထောင်မြို့နယ် ကန့်သတ်စောင့်ကြည့်စခန်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေး‌ပေါ် တုန့်ပြန်ရေး ကော်မတီသို့ ယမ‌န်နေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့သည်။

အဆိုပါ ကန့်သတ်စောင့်ကြည့်စခန်းတွင် နေထိုင်သူများအတွက် လိုအပ်သည့် သံကုတင်အလုံး(၂၀)နှင့် ရေသန့်ဗူး များကို Myanmar Metol Co.ltdနှင့် ၂၀၀၇စိန်ပေါလ် ကျောင်းသာဟောင်းများက လှူဒါန်းရာ မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး()ဒေါ်မေစိုး လက်ခံခဲ့ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)