လမိုင်း အောက်တိုဘာ ၃
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ကာ မြို့မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် စုရပ်အသီးသီးတို့တွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်စန်းစန်းလှနှင့် ကျန်းမာရေး ဝန်ထမ်းများက အသက်နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမှေးရောင် ရောဂါနှင့် အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ (၅)မျိုးစပ် ကာကွယ်ဆေးနှင့် ပိုလီယိုအစက်ချ ကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကလေးငယ်များ၏ အသက်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးပေးပြီး ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ဇာစိုး(ပြန်/ဆက်)