တပ်ကုန်းမြို့၌ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား နှာခေါင်းနှင့်အာခေါင်တို့ဖတ် စစ်ဆေးဆောင်ရွက်ပေး

တပ်ကုန်း            အောက်တိုဘာ       

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင် ကြီးကြပ်၍ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ညောင်လွန့်ကျေးရွာ အုပ်စုအတွင်းရှိ ရန်ကုန်-မန္တလေးကားလမ်း တွင် ရောက်ရှိသည့်ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား နှာခေါင်းနှင့်အာခေါင်တို့ဖတ်စစ်ဆေးခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီမှ ၁၀နာရီခွဲထိ ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာန၊ဆေးခန်းဝန်းတွင် စစ်ဆေးဆောင်ရွက် ကြောင်း သိရသည်။

အဆိုပါစစ်ဆေးရာတွင် ကုန်တင်ယာဉ်(၃၀၀)ကျော်မှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် စုစု ပေါင်း(၆၇၀)ဦးတို့ကို နှာခေါင်းနှင့်အာခေါင်တို့ဖတ်စစ်ဆေးပေးခဲ့ရာ ၎င်းစစ်ဆေးချက်အရ ပိုးတွေ့ အတည်ပြုလူနာ()ဦးအား နေပြည်တော်ခုတင်(၃၀၀)ဆေးရုံနှင့်အတည်ပြုလူနာဖြင့် ထိတွေ့မိသူ ()ဦးကို ဇေယျာသီရိခုတင်(၅၀)ဆေးရုံသို့ လူနာတင်ယာဉ်()စီးဖြင့် စနစ်တကျ ပို့ဆောင် စောင့် ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါ ပိုးမတွေ့ရှိသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ၎င်းတို့၏ယာဉ်များနှင့်အတူ သတ်မှတ် စည်းကမ်းချက် များနှင့်အညီ ဆက်လက်ထွက်ခွာခွင့်ပြုခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်း ပြောပြချက်အရ သိရသည်။

တင်စိုးလွင်