အင်တောမြို့တွင် အသက်၂ လမှ ၁နှစ်ခွဲအောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်

 

အင်တော အောက်တိုဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် အသက်၂ လမှ ၁နှစ်ခွဲထိ ကလေးငယ်များအား တစ်ဦးတစ်ယောက်မကျန် မရရှိသေးသော ကာကွယ်ဆေးများ အပြည့်အဝ ရရှိစေရန်အတွက် ပုံမှန် ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၄)ရပ်ကွက်၊ အောင်မင်္ဂလာဓမ္မာရုံ၌ ထိုးနှံပေးကြောင်း သိရှိရသည်။

ထို့သို့ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ရာတွင် တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်း များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ လူစုလူဝေး မဖြစ်ပေါ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် မြို့ပေါ်(၆) ရပ်ကွက်ရှိ အသက်၂ လမှ ၁ နှစ်ခွဲ အောက် ကလေးများကို သတ်မှတ်ထားသည့် အသက် အပိုင်း အခြားအလိုက် ပိုလီယို၊ ပြင်းထန် အဆုတ် ရောင်၊ ဆုံဆို့ ကြက်ညှာမေးခိုင်၊ ဝက်သက် ဂျိုက်သိုး၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက် အမြှေး ရောင်၊ ဂျပန်ဦးနှောက်ရောင် စသည့်ရောဂါ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးကြောင်း သိရသည်။

အောင်ခိုင် (အင်တော)